သံပတ်ဖားကလေး ဟိုခုန် သည်ခုန် // စမ်းစမ်းနွဲ့ (သာယာဝတီ)
သံပတ်ဖားကလေး ဟိုခုန် သည်ခုန် // စမ်းစမ်းနွဲ့ (သာယာဝတီ) —- ဧည့်ရိပ်သာ (၁) “ဦးကျော်ဟန်” “အမိန့်ရှိပါ ခင်ဗျ” “ခင်ဗျားတို့ပစ္စည်းတွေက သိပ်မစွံပါဘူးဗျာ၊ စိတ်ဝင်စားစရာလဲ မရှိလှဘူး၊ ဓာတ်ဘူးက ပရက်ရှာနဲ့လား၊ ရိုးရိုးလား၊ အပြည့်အစုံလဲ ရေးမထားဘူး” “နှစ်မျိုး ပြထားပါတယ် ခင်ဗျ၊ ခုနစ်ဆယ်ကျော်တန်က ရိုးရိုး ဆန်းဖလားဝါးပါ၊ ကိုးဆယ်ကျော်တန်က ပရက်ရှာနဲ့ပါ၊ ပရက်ရှာ ဓာတ်ဘူးက တဂိုဒေါင်လုံးမှ နှစ်လုံးပဲ ရှိပါတယ်ခင်ဗျ၊ ဦးတင်ဝင်းရှိန်တို့အဖွဲ့ လာတုန်းကတောင် စာရင်းထည့်မပြလိုက်ပါဘူး။ တမင် ချန်ထားတာ ခင်ဗျ” “အေးဗျာ...နှစ်လုံးတည်း ကပ်သီးကပ်သပ်၊ ကျုပ်စာရေးကြီးကို တလုံး ထည့်ပေးလိုက်ပါ။ ကျန်တဲ့ အဖွဲ့တွေကတော့ ရိုးရိုးပဲပေါ့၊ ခင်ဗျားတို့ဆီ ပစ္စည်းရှားတယ်ဆိုတာ ယုတ္တိတော့ မရှိလှဘူး ဦးကျော်ဟန်၊ မဖမ်းဘဲ လွှတ်လွှတ်ပေးတယ်ထင်တယ်” “ရာထားချက် ပြည့်အောင် ဖမ်းပါတယ်ခင်ဗျ၊ ဧည့်သည်တွေကလဲ မပြတ်တမ်း ရောက်ရောက်လာတော့...” “ဟား...ဟား... ခင်ဗျားက ကျုပ်တို့ပါ ဆွဲချည်နေပြန်ပြီပေါ့လေ” “မဟုတ်... မဟုတ်ရပါဘူး ခင်ဗျ၊ ဂိုဒေါင်မှာ ပစ္စည်းပြတ်ရတဲ့ အကြောင်းက ဒီလိုရှိ ...” “ဟား... ဟား၊ သိပါတယ်ဗျာ၊ ထားပါတော့၊ ဒီမှာ ဒီလိုလုပ် ဦးကျော်ဟန်” “အမိန့်ရှိပ...

