ကတ္တီပါ ကန့်လန့်ကာ (၂) // အောင်ဖြိုးကျော် (ပခုက္ကူ)

ကတ္တီပါ ကန့်လန့်ကာ (၂) // အောင်ဖြိုးကျော် (ပခုက္ကူ)

(ရွှေအမြုတေ၊ မေ၊ ၂၀၁၃)

---

“အမယ်ကြီး”

တစ်ချိန် လုံး ငြိမ်နေတဲ့ အဘိုးကြီး ခေါ်သံကြားမှ အမယ်ကြီး အတွေးတွေ ရပ် သွားတယ်။ မီးရောင်က ဝါ နေ ပေမဲ့ အဘိုးကြီး မျက် ဝန်းတွေ ဝေ့သီ ကြည်နေ တယ် လို့လည်း ထင်လိုက်မိ တယ်။

“အမယ်ကြီး၊ ဒီညရော ပွဲကြည့် ဦးမှာလား”

အလိုတော်၊ အထူး အဆန်းပါ ကလား၊ တစ်သက် နဲ့ တစ်ကိုယ် မကြားဖူးခဲ့တဲ့ စကား။

“ကြည့်လည်း ရတယ်။ မကြည့်လည်း ရတာပေါ့ တော်။ အိမ်က ထွက် ဇာတ် စင်ရောက် တဲ့ဟာ” 

လို့ပြော တော့ 

“ကျုပ်လည်း ကြည့် ချင်တယ် အမယ်ကြီးရယ်” တဲ့။ 

ကျားသား မိုးကြိုး နား ရှိလို့သာ ကြားရ တယ်။ တစ် သက်လုံး အိမ်စောင့် ကြက်နှင် နေခဲ့သူက အခုမှ ပွဲကြည့် ချင် ပြန်သတဲ့။ တစ်သက် တစ် ကိုယ် မကြား ဖူးတဲ့ စကားကို ဆိုပါ ရောလား။

“အခု မဟုတ်ပါဘူး အမယ်ကြီးရဲ့ နှစ်ပါးသွား နဲ့ နောက်ပိုင်း မှပါ။ အမယ်ကြီး နဲ့ တစ်ခါမှ ပွဲမကြည့် ဖူးတော့ ကြည့်ဖူး တယ် ရှိအောင်လို့”

စကားဆုံး တော့ ပက် လက် ကုလား ထိုင်ပေါ် ကျော ပြန်မှီတယ်။ တစ်ဘဝစာ နား ခိုခဲ့တဲ့ ရင်ခွင် ရိုးရိုးကြီး၊ ကွမ်း ဆေးအရက် လောင်းကစား မဖက်ဘဲ ရေနွေးတောင် ဖျား မှနာမှ သောက်တယ်။

ရမယ့် ရတော့ အဆုတ် ရောဂါတဲ့။ ဆရာဝန် တောင် မျက်စိလည်တယ်။ “ဘာ အလုပ် လုပ်သလဲ”လို့ ဆရာ ဝန်မေး တော့ “ကျောင်းဆရာ” လို့ ဝင့်ဝင့် ကြွားကြွား ဖြေရှာ တယ်။ တစ်ဘဝစာ ရေးခဲ့ ဖျက် ခဲ့တဲ့ မြေဖြူမှုန့် တွေလေ။ ကြောက်သလား ဆိုတော့ ဆောင်းတွင်း ရောက်မှာ အမယ်ကြီး ကြောက်တယ်။ အဘိုးကြီး ကို မကြည့်ရက် လို့။

ပွဲကြည့် ချင်ပြန် သတဲ့။ 

“ပွဲက ခုမှ စထွက် တာပါတော် နှစ်ပါး သွားနောက် ပိုင်းဆိုတာ မိုးလင်းပိုင်းမှ။ အိပ်ချင်အိပ် လိုက်ဦး၊ ပြဇာတ် ပြီးမှ နှိုး မယ်”

ဆိုတော့ ယဲ့ယဲ့လေး ပြုံးတယ်။

ဇာတ်က ချောက်ဇာတ်၊ မြို့ခံ မဟုတ်ဘဲ ဇာတ်စိမ်းဆို တော့ ဘေးရွာ တွေနဲ့ စက်မှု ဇုန် ပရိသတ်က ပြုံကျ လာတယ်။ အမယ်ကြီး ခမျာ လူကြားသူ ကြား နင်းကန် တိုးနေတာ တောင် အလှူခံ ရှိတဲ့ ဘုရား တန်ဆောင်း ထဲ တော်တော် နဲ့ မရောက်နိုင်ဘူး။

ပွဲခင်း တစ်ခုလုံး လည်း ရွစိရွစိ အသက်ဝင် နေပြီ။ အကြော် ဆိုင်က ညှော်နံ့တွေ ကလည်း အမယ်ကြီး ကို ဆီး တယ်၊ ကြိုတယ်။ (စကတ် လေးတွေ ဘောင်းဘီလေး တွေအတွက်) ခွင့်လွှတ်တော် မူပါလို့ အကြိမ်ကြိမ် တောင်း ပန်ပြီးမှ ဦးချတယ်။

စိတ်က အဘိုးကြီးဆီ ရောက်သွား ပြန်ရော။
ချွေးခံ အင်္ကျီအနား စထဲ က ကုတ်ကတ် ချန်ထားတဲ့ ၅၀၀၀ တန် တစ်ရွက်ကို ထုတ် ဖြတ်ပိုင်း ရေးတဲ့ စားပွဲ ပေါ် ချ ပေးတော့ တစ်ဝမ်း ကွဲ မြေးက ရေးရင်းနဲ့ “အဘမြ နေကောင်း ပလား ဘွားနု”တဲ့။ မေးဖော် ရသေးတယ်။

“အေး...ကောင်းပ ဟဲ့”

လို့ ဖြေရင်း ဘုရားထဲက ထွက်တော့ ပိန်ပါးပါး အမယ် ကြီး ကိုယ်လုံး လေး လူတွေ ကြား ပြားချပ် သွားပြန်ရော။ မြေးတွေ ထိုင်တဲ့ ခုတင်နား ရောက်တော့ “ဘွား”ဆိုပြီး ခရုမက အသံပေးတယ်။ 

“ဘွား လာ လာ ထိုင်”

ဆိုပြီး ဆရာမ လေးတွေက ခရီးဦး ကြိုတော့ စိတ်နှယ် ဘယ်နေ လိမ့် မတုံး။ အဘိုးကြီး ဆီ နောက်ဆံ တငင်ငင်နဲ့ အဘိုး ကြီးနဲ့ ပွဲ မဲခွဲ နေတုန်း 

“ယခု တစ်ဖန် လာရောက် လှူဒါန်း သွားတဲ့ ကုသိုလ် ရှင်ကြီးများ ကတော့ ကျောင်းအုပ် ဆရာ ဟောင်းကြီး ဦးမြချစ်နဲ့ ဘွား လေး တင်နု မိသားစု မှ လာ ရောက်ပြီး သကာလ အလှူ တော် ငွေ ၅၀၀၀ ကျပ်ပါ ဘုရား”

ဆိုတဲ့ အော်သံ ဆုံးတော့ ဘေးက မြေးမက ဖျတ်ခနဲ အမယ် ကြီးကို လှည့်ကြည့် တယ်။

မုန့်ဖိုး ပေးဆိုတဲ့ မျက်နှာ နဲ့။ ဇာတ်စင် ပေါ်မှာတော့ မြန်မာ သံစတိတ် ချ်ရှိုး စထွက် နေပြီ။

ဒီလောက် ဆို မဆိုးသေး ဘူး။ မြန်မာ ဝတ်စုံနဲ့။ သီချင်း တွေက အမယ်ကြီးနဲ့ မရင်းနှီး ပေမဲ့ မြန်မာ သီချင်းမှန်း ကောင်းကောင်း သိတယ်။ နားထောင် ရတာ လိပ်ပတ် လည်သေးတယ်။ တစ်ခု ကောင်းတာက လူနံ့တွေ ထောင်းထောင်း ထမနေပြန် ဘူး။ ဗလာ ဇာတ်မို့ ဘုရားပွဲ အနံ့ အသက်က တစ်ခါတည်း နတ်ပြည်များ တက် လေရော့ လားလို့ အမယ်ကြီး ဉာဏ်မိသလို တွေးသေးတယ်။

အောင်မယ်...ဒီတစ် ခါ ပြဇာတ် မင်းသမီး အလှည့် တဲ့။ အမယ်ကြီး အကြည့် တွေ ဇာတ်စင်က မခွာတော့ ဘူး။ လူမမြင်ရ သေးဘူး။ အသံက အရင်ကြားနေရ တာ။ ဘာတဲ့...။

××× ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း ××× တဲ့။ 

အမယ်ကြီး လည်ပင်း လက် တစ်ဆစ် လောက် ရှည်သွား တယ်။ ဒါ အဘိုးကြီး ကြိုက် တဲ့ သီချင်း ပါလား။

မင်းသမီး အသံက ကြည်မြ နေသလို အောက်က ပရိသတ် လည်း ငြိမ်ကြသွား တယ်။ မြန်မာသံ ကို ဘာခံ နိုင် လိမ့်မတုံး။ တုတ်တုတ် တောင် မလှုပ်ကြဘူး။ စင်း လို့ ဘယ်သူမှ မလှုပ် ပေမဲ့ အမယ်ကြီး လှုပ်လာ တယ်။ အစက ရောက်သခိုက် အော် ပရာလေးပြီးမှ ပြန်မဟဲ့ စိတ် ကူးတာ။ အဘိုးကြီး ကြိုက် တဲ့ သီချင်း သံကြားတော့ အမယ်ကြီး လည်း မခံနိုင်ဘူး။ အိမ်ဘက်ပြန်ကူးလိုက်ရတယ်။

အဘိုးကြီး ကတော့ ကု လားထိုင်မှာ ပက်လက် ပါပဲ။ ဆေးရှိန်နဲ့ မှိန်းနေ သလား။ စောင်တစ်ထည် ယူပြီး ခြုံပေး တော့ ခြေတွေ လက်တွေက အပြင်ထွက် နေပြန်ရော။ တစ်သက်စာ မြေဖြူ ကိုင်ခဲ့တဲ့ လက်တွေက ခုတော့ အရိုး ပြိုင်းပြိုင်း ထပြီး လက်ခုံမှာ သွေးကြော ဖုဖုတွေ ထင်းနေ တယ်။ လက်နှစ်ဖက် ကို စောင် ထဲ အသာ သွင်းပေးပြီး တော့ အဘိုးကြီး ကို အမယ် ကြီး တစိမ့်စိမ့် ငေးနေမိ ပြန် ရော။

ရွာသမိုင်း တစ်လျှောက် ဆရာမြ၊ ဆရာချစ်နဲ့ ပီတိကို သာ စားခဲ့ရှာတဲ့ အဘိုးကြီး၊ အလံနီ၊ အလံဖြူ ခေတ်တွေ ကို ဖြတ်၊ အုပ်စု ဥက္ကဋ္ဌ၊ သမ ဥက္ကဋ္ဌ တာဝန်တွေနဲ့ ရပ်ရွာ အကျိုး သယ်ပိုးခဲ့ရှာ သူကြီး ခမျာ ခုတော့ ကုလားထိုင်မှာ ပက်လက်။

ပါတီမှာ လည်း တင်း ပြည့် ပြန်သတဲ့။ အဲဒီနေ့က  

“အဘိုးကြီးနှယ် နွားကြိုး မကိုင်တတ်၊ ထယ်မထိုး တတ်၊ ထွန်မလှည့် တတ်တဲ့ တော်က ဘယ့်နှယ် တင်းပြည့် သတုံး။ ကျုပ်သာ ဆို ပုတ်ပါ ပြည့် မယ်ထင် တယ်”

လို့ အမယ်ကြီး ပြောတော့ အဘိုး ကြီး ရယ်တာ မျက်ရည်များ တောင် ထွက်ကရော။

“ဟုတ်တာ ပေါ့၊ အမယ်ကြီးရဲ့ ခေါင်းဆောင် ကြီးတွေ အဲသဟာမျိုး စဉ်းစား မိဖို့ ကောင်းတာ ပေါ့”

ဆိုပြီး ထပ် ရယ်တာ တော်တော်နဲ့ မရပ်ဘူး။ အဘိုးကြီးနှယ် ဘယ့် နှယ်ရယ် နေသတုံးလို့ အမယ် ကြီး တွေးတယ်။ ဉာဏ်က မမီပြန် ဘူး။ အရေး မကြီးတဲ့ ဟာ နေပစီ ဆိုပြီး အသာထား လိုက်ရ တာပေါ့။

စာရေး လောက်တောင် အိမ်တစ်ဆောင် မီးတစ် ပြောင် ဖြစ်တဲ့ခေတ်မှာ ဆိုရှယ်လစ် ခေတ်ကြီးကို တာဝန် ကျေတဲ့ တင်းပြည့် ကြီးခမျာ သစ်သား ရေဒီယို တစ်လုံးပဲ စီးပွားဖြစ် တယ်။
အဲသဟာ မျိုးဆိုတော့ ရွာရပ်က ငုံထား မတတ်ချစ် တယ်။

တုန်နေ အောင် ရိုသေ တယ်။

“ရွှေနန်း တော်ရဲ့ မြူးကြွကြွ စတိတ်ချ်ရှိုး အစီအစဉ် စတင်ပါပြီ”

ဆိုတဲ့ အသံအဆုံး တအုန်းအုန်း အသံကြီး တွေက လေးထောင့် ဗီရိုလောက် ဟာ ကြီးတွေ ထဲကနေ ကဆုန်စိုင်းပြီး အမယ်ကြီး အတွေး တွေကို တက်နင်း လေမှ ဖုတ်ဖက် ခါပြန်ထရတယ်။ အော်ဟံ ဟစ်သံ(ပရိသတ်ကြီး...မင်္ဂလာပါ)ဆိုတဲ့ အသံထိတ် တုံး က အမယ်ကြီး အတွေးတွေ ကို သော့ခတ်ပစ်တယ်။ ခုတော့ ခုနစ်သံ ချီတောင် ဘယ်ရောက် ကုန်မှန်း မသိတော့ ဘူး။

“ပွက် ပွက် ညံနေပါ ပကော အမယ် ကြီးရဲ့”

အဘိုးကြီး ဆီက အသံ ထွက်လာမှ သူ့ခမျာ လန့်နိုး ပါပကော ရယ်လို့ သတိထား ဖြစ်တယ်။

“အဲသဟာ ကြောင့် ပြော တာပေါ့ အဘိုးကြီးရဲ့။ ခုနေ သွားရင် လူနင်းခံ ရမှာ ကျိန်းသေတယ်။ နှစ်ပါးသွား စမှ သွားရအောင်”

ဆိုတော့ 

“အေး အေး”

ဆိုပြီး ကျောပြန် မှီပြန်ရော။

စောင်ထဲက ထွက်နေ တဲ့ ခြေထောက်ကို အမယ် ကြီးက ခြေအိတ် စွပ်ပေးတော့ အဘိုးကြီးက မြိန့်မြိန့်ကြီး ပြုံး တယ်။ မျက်နှာတင် မဟုတ်ဘူး၊ ရင်ဘတ်ကြီးပါ နိမ့်လိုက် မြင့်လိုက် ပြုံးတယ်။ အမယ်ကြီး အတွေး တွေက သားခုနစ်ယောက်ဆီ ခုနစ်သံ ချီပြီး ပြေးပြန်ရော။ အတွေးတွေက မွားတား တားကနေ ရိုးရိုး အေးအေး ကျောင်းဆရာ ကြီး အသက်ကြီးမှ အမှုတွေ ကြီးရတဲ့ နေရာမှာ ရပ်တော့ စိတ်ထဲမှာ ဖျဉ်းခနဲ။

(အရုဏ်ဦးက ကြယ်နီပြာ ကဗျာသင် လို့တဲ့။)

တစ်ပတ် ၁၀ ရက် လောက် စစ်လား ဆေးလား အလုပ်ခံ ရသေးတယ်။ တချို့က ပြေပြေ လည်လည်၊ တချို့က ငေါက်လား ငမ်းလားကို မေးကြတာ။ ဘယ်လိုမေး မေး အဘိုးကြီးက တစ်ခုတည်း ထပ်ကာ ထပ်ကာ ဖြေတယ်။

“ဒီကဗျာကို ငါ ကျောင်း ဆရာ ပေါက်စန ဘဝကတည်းက သင်ခဲ့တာ။ ဒီ ကဗျာသင်ပြီး အရာရှိကြီး တွေ ဖြစ်ကုန် တဲ့ ငါ့တပည့်တွေ အများကြီး ရှိတယ်”တဲ့။

နေ့လား၊ ညလား၊ ၉ နှစ်လား၊ ၁၀ နှစ်လားတွေ တောင် ဖြစ်လာတယ်။
ဘုရားမ သလား၊ သား မသလား မသိဘူး။ အလတ် ကောင် အိမ်ဝင် လာတုန်း စစ်လား ဆေးလား တွေနဲ့ တွေ့ ဖြစ် ကြတော့ 

“ဒါ ကျွန်တော့် အဖေလေ၊ ခင်ဗျားတို့ မသိ ဘူးလား”

ဆိုတာ လေးနဲ့တင် ၉ နှစ် ၁၀ နှစ် ရောဂါတွေက အုံဖွဆို မန်းလိုက် သလို ပျောက် ကုန်တယ်။

တစ်ပူ အေးလို့ ပြီးပ လား မှတ်တယ်။ မပြီး သေးဘူး။ သားကြီး အိမ်လာတော့ အလတ်ကောင် က

“အစ်ကို မင်း အရင် အလုပ်တွေ လုပ် တုန်းလား”

တဲ့။ အကြီးလူက ခပ်အေးအေး ဖြေတယ်။

“အေး”တစ်လုံး တည်း။ 

“မင်း မိန်းမနဲ့ ကလေး တွေ မသနား ဘူးလား”တဲ့။ 

“ငါ လူတွေ အကုန် လုံးကို သနားတယ်” 

လို့ အကြီးလူက ပြန်ပြော တော့ အမယ်ကြီး နားမလည် တဲ့ စကားတွေ ပြောပြီး ညီအစ် ကို နှစ်ယောက် စကားတွေ များ နပန်း ထလုံးတယ်။

နှစ်လုံးပြူး ဆုရ သူကြီး ဘအေး ရဲ့ မြေးမပဲ။ ဘယ်နေ မတုံး။ အမယ်ကြီး ငယ်ဇ တွေ ပြတဲ့ပြီး လေး ဆယ် ကျော် ၅၀ နားနီး သားတွေ ကို ထတဲ့ တီးလိုက်တာ ဝါး ခြမ်းပြား ကျိုးမှ ရပ်တယ်။ ဘာပြောတယ် မှတ်တုံး၊ 

“အရ သာ ရှိလိုက်တာ အစ်မရာ၊ အစ်မ ရိုက်တာ မခံရတာ ကြာပြီဗျ”တဲ့။

ကလေး ဘဝတုန်းက ကျောင်းဘောလုံး ပွဲမှာ အဲဒီလိုဖြစ်လို့ နွားကန် ကျိုးအောင် တစ်ခါ ရိုက်ဖူးတယ်။ ညီအစ် ကိုနှစ်ယောက် တစ်သင်းတည်း မကျဘူး။ တစ်ယောက်က အစိမ်း အသင်း ခေါင်းဆောင်၊ တစ်ယောက် က အနီ အသင်း ခေါင်းဆောင်။ဘောလုံး ကွင်းထဲတင်သတ် ကုန်ကြတော့ ဖအေကျောင်း ဆရာက ပြုံးပြုံးကြီး။ အမယ် ကြီးက နှစ်ကောင် လုံး ဆွဲခေါ် ပြီး အိမ်ကျမှ စိတ်ကြိုက် တွယ်တာ။

“မှတ်ပလား၊ ငါ့ရှေ့မှာ ဟိုဟာတွေ ဒီဟာတွေ လာ မလုပ်နဲ့။ အစိမ်းတွေ၊ အနီ တွေ လာမလုပ်နဲ့။ ဒီမြေဒီရေ မှာ ဒီဗိုက်က မွေးမှတော့ သွေးပေါ့ သားပေါ့။ အဲသဟာ ထက် အရေး ကြီးတာ ဘာရှိ သတုံး။ ပညာတွေ တတ်ပါ ရက်နဲ့ ဒီလောက် တောင် မတွက်တတ် မချက်တတ် ဘူးလား။ ဦးသော ဘိတ ကျောင်းထွက် မတတ် တဲ့ ငါအမေ အိုတောင် တွက်တတ်ချက် တတ်တယ်”ဆိုပြီး တော့ တွယ်တာ။

အလတ် ကောင်က 

“အဖေက မှာထား လို့ပါ အစ် မရဲ့။ ကိုယ့် အသင်းကို နိုင် အောင် ကန်ရ မတဲ့ဗျ”

ဆိုပြီး ငိုရင်း ဆင်ခြေလဲ သေးတာ။ အမယ်ကြီး ဒေါသက အဘိုး ကြီးဘက် လှည့် ကန်တယ်။

“နင်တို့ ဖအေ ပညာရှိ ကြီးက နိုင်အောင် ကန်ဖို့ပဲ သင် တာ။ ညီအစ်ကို ဆိုတာ မသင် ဘူးမို့လား။ ဟဲ့ အကောင် တွေ ရဲ့၊ ဒါ နင့်အဖေ ကျောင်း မဟုတ်ဘူး။ ငါ့ကျောင်း၊ ဆရာမြ ကျောင်း ရောက်ရင် ဆရာမြ စာအံ၊ မယ်နု ကျောင်း ရောက်ရင် မယ်နုစာအံ”

ဆို ပြီး အော်လိုက်တာ...။

အဲဒီစကားက ခုချိန်ထိ ရွာမှာ (ဆရာမြ ကျောင်း ရောက်ရင် ဆရာမြ စာအံ၊ မယ်နု ကျောင်းရောက်ရင် မယ်နု စာအံ)ဆိုပြီး ရွာလက် သုံးစကားအဖြစ်ကို တွင်ကျန် ရစ်တာ။ အမယ်ကြီးက အဲဒီ လို ခုနစ်သံ ချီတတ် တယ်။

ညရောက် တော့ 

“စာ မတတ် ပေမတတ် လူတွေ များ တယ်လဲ ပြောရဆိုရ လက်ပေါက် ကတ်တတ် တယ်” 

ဆိုပြီး အဘိုးကြီးက ပြုံးပြုံး ပြုံးပြုံးနဲ့ စတယ်။ အမယ်ကြီး ကလည်း ကြိုက်တာ ပြော၊ စာမတတ် ပေမတတ် လို့ ပြောရင် ဆတ်ဆတ် တုန်တတ် မှန်း သိရက်နဲ့ကို မခံချင်အောင် တမင် ပြောတာ။ ဒါပေမဲ့ ခပ် ဖျင်းဖျင်း မိန်းမတွေ လို (နင့် လစာလေး ဘယ်လောက်၊ ငါ့မြေတွေ ယာတွေကြောင့်) ဆိုပြီး ဂုဏ် မမောက်ဘူး။ အဘိုးကြီး ကို ငွေဂုဏ်နဲ့ တစ်ခါမှ အနိုင် မယူဘူး။

“ကျုပ်လည်း ဦးသော ဘိတ ကျောင်းထွက် ပါ ကျောင်းဆရာ ရယ်။ တော့်လို ခုနစ်တန်း မအောင်သာ ဘဲ ရှိ တယ်။ ကျောင်းဆရာ မို့သာပေါ့။ မြို့အုပ်တို့၊ အရေးပိုင် တို့သာဆို မခက်လား။ တော့် ကျောင်း လောက်တော့ ဆရာမ လုပ်နိုင်သေးတယ်”

လို့ နှုတ်လှန် ထိုးတယ်။ ငိုသံက တော့ ပါနေပြီ။

အဘိုးကြီးက မရပ်ဘူး။  

“လာချေသေး မယ်နုရယ်၊ ငါ့ ကျောင်းများ ဆရာမ လုပ် ဦးမတဲ့။ ဆရာမ အသာထား (မယ်နု စိတ်တိုနေသည်)လို့ တစ်ကြောင်း ဖြောင့်အောင် ရေးခဲ့”

ဆိုပြီး စာရွက်နဲ့ ခဲတံ ချ ပေးတော့ အမယ်ကြီးက ဆတ်ခနဲ ထယူ တဲ့ပြီး ရေနံ ဆီမီး ခွက်နဲ့ စာကျက် နေတဲ့ အရိုက်ခံ ထားရတဲ့ ကောင်တွေ နား သွားထိုင် တယ်။

ဘုန်းကြီး အသံဝါဝါ ကြီးသာ ပြန်ကြား နေရတယ်။ စာတွေက ပေါ်မလာ ပြန်ဘူး။ ခဲတံ ကို တံတွေး ဆွတ်ဆွတ် နေတာ နဲ့တင် ကွမ်းတစ်ယာ ညက်လောက် ကြာတယ်။ စိတ်ကြိုက် ရေးပြီး တော့မှ 

“ဟဲ့ နှစ်ကောင် ကြည့် ကြစမ်း”

လို့ တိုးတိုး ပြပေသိ နွားကန် ကျိုး အောင် အရိုက်ခံ ထားရတော့ မလှုပ်ကြ ဘူး။

နေဟာ...ဆိုပြီး စာ ရွက်နဲ့ ခဲတံ အဘိုးကြီး ပြန် ပေးတော့ စာရွက်ကို ကြည့် ပြီး အဘိုး ကြီး ပြုံးနေတာ များ ဝင်းလို့ မွတ်လို့။ 

“ဟေ့ ကောင်တွေ မင်းတို့ အစ်မ ရေးထားတာ လာဖတ် ပြစမ်း” 

လို့ အဘိုးကြီး ခေါ်တော့ ဆတ်ခနဲ ထပြီး စာရွက်ကိုင် ပြူးပြဲ ကြည့်နေတဲ့ သားနှစ် ယောက်ဆီက တော်တော် ကြာ မှ အသံ ထွက်လာ တယ်။ 

(မဲနု ဆိတ် တိုးနေ သီ) တဲ့။ 

အဘိုး ကြီး ရယ်သံနဲ့ သားနှစ် ကောင် ရယ်သံ အုန်းအုန်း ထသွားတာ မီးခွက် တောင် လန့်ပြီး ငြိမ်း မတတ်ရယ်။ အမယ်ကြီးက အဘိုးကြီးကို ဥပုသ် နှစ်ခါ စောင့်လောက် စကား မပြော ဘူး။ ရှက်လို့။

အတွေး တွေနဲ့တင် အတိတ် ရှေးဟောင်း နှောင်းဖြစ် တွေက အမယ်ကြီး စိတ်ထဲ စွတ်စွတ် စိုလာ သလို ပါးပေါ် မှာပါ ရွှဲရွှဲ တောက်လာ တော့ တာ။ ဒီနှစ် တစ်ယောက် မှ ပေါ်မလာ ကြဘူးတော်...လို့ အသံထွက် မတတ် ဖြစ်သွား ရာက အဘိုးကြီး ကို သတိရပြီး ပါးစပ်ကို လက်ဝါး ဘရိတ်နဲ့ ဒုံးပိတ် ပစ်ရတယ်။

“ပွဲခင်းမှာ လုံခြုံရေး တာဝန်ကျ သူများ အားလုံး မင်းခု တင်မှာ စုရုံးကြ ဖို့အုပ် ချုပ်ရေး မှူးမှ ခေါ်နေပါ တယ်”

လော်စပီ ကာက အသံ အဆုံးမှာ ဝရုန်း သုန်းကား အော်သံ ဟစ်သံတွေ ထွက် လာသလို တီးမှုတ် ကခုန် တွေ တိခနဲ ရပ်ပြီး လူသံ သြသြ တွေက စည်းရိုး သာ ခြားတဲ့ အိမ် ဘက် လွင့် တက် လာတော့ အရွယ်နဲ့ မလိုက် အမယ်ကြီး ဆတ်ခ နဲ ထတယ်။

ပွဲကြည့် သက်က ဆိတ်မရအောင် ရင့်ထော် နေတာဆို တော့။
သေချာပြီ။ ဒါ ပွဲလန့် တာ၊ ရန်ဖြစ် ကုန်ကြပြီ။
တုတ်နဲ့ ရိုက်သလား၊ ဓားနဲ့ ထိုးသ လား။
သူ့လူ ခံရသလား၊ ကိုယ့် ရွာ ခံရ တာလား။ ထင်းပုံ ထဲ က ထင်း တစ်ချောင်း ဆွဲပြီး ပွဲ ခင်းထဲ အမယ် ကြီး လှစ်ခ နဲ ပြေးတယ်။

ဇာတ်ခုံ ထောင့်မှာ ဖုန် တွေ အလိပ် လိုက်ထနေ သလို ထိတ်တုံး ထားတဲ့ နေရာမှာ လူ တွေက အုံလို့၊ ဝိုင်းနေတဲ့ လူ တွေကို ဦးဇင်း လေးတွေနဲ ရွာကာလ သားတွေက တုတ် တယမ်း ယမ်းနဲ့ လူစုခွဲ ပစ်နေ တယ်။ အရက် စော်က ဟို ကနံ ဒီကနံ ဆိုတော့ ဖြစ်တော့ မပေါ့။ အမယ်ကြီး လူအုပ်ကို တိုးမရဘူး။ သတင်းတော့ နီးရာက ရတယ်။

ဇာတ်ခုံ ထောင့်မှာ မူး ကြ ကကြရင်း ရန်ဖြစ်ကြ တော့ နှစ်ယောက်လုံး ဓားဆွဲ အထုတ်မှာ အရိပ် အခြည် ကြည့်နေတဲ့ လုံခြုံရေးက တုတ်နဲ့ ရိုက်တော့ လက်ကျိုး သွားလို့ ဆေးရုံပို့ ရမတဲ့။ ရွာက ညီလို့ သာပေါ့။ စတိတ်ချ်ရှိုး တော့ ပြန်မထွက် ရတော့ဘူး။ ဆရာတော် လည်း ဓာတ်မီး တဝင်းဝင်းနဲ့ ကျောင်းပေါ်က ဆင်းချ လာတယ်။

အမယ်ကြီး မြေးတွေရှိ ရာ ခုတင်နား ရောက်တော့ 

“အယ်...ဘွား တုတ်ကြီးနဲ့” 

ဆိုပြီး ဆရာမ လေးတွေ ခမျာ အမယ်ကြီး သတ္တိကို မျက် လုံးလေး တွေ ပြူးလို့။ အဘိုး ကြီးကို အမှတ် ရနေပေမဲ့ အမယ်ကြီး မြေးတွေ ကို စိတ် မချနိုင်တော့ တုတ်ကို ခုတင် တိုင် ထောင်ပြီး စွေ့ခနဲ ဝင် ထိုင်တော့ ပြဇာတ် ပထမဆုံး အခန်းက သေနတ်သံ တွေနဲ့ စတယ်။

“ခုခေတ် ဇာတ်ပွဲ သေနတ်သံကလည်း ဝါးခြမ်း ပြား ကျိုးသလောက် မြည်သကိုး” 

လို့ အမယ်ကြီး ပြောတော့ ဆရာမလေး တွေဆီက ရယ် သံတွေ ထွက်လာတယ်။ 

“အေးပေါ့အေ...ခေတ်က လည်း ယမ်းမီး ခြစ်ခေတ် မဟုတ် တော့ဘူး။ ဂတ်ဆီမီး ခြစ်ခေတ် ကိုး”

လို့ ထပ်ပြော တော့ ဘေးခုတင်က ရယ် သံတွေ အုန်းအုန်း ထလို့။

သေနတ်ကြီး တကား ကားနဲ့ ဟန်ပါပါ ထွက်လာ တဲ့ လူကြမ်း ခမျာ ရန်ဖြစ်ထား တဲ့ အရှိန်နဲ့ လန့်ပြီး သူ့ဇာတ် ကွက် တွေမေ့၊ အမယ်ကြီး တို့ ခုတင်ဆီ ပြူးပြဲ ကြည့်နေ တော့ တစ်ခါ ရယ်ကြ ပြန် တယ်။
နတ်တော် လပြည့်ည ဆိုတော့ နှင်းတွေက မီး ချောင်းတွေ ဆီမှာ အုံကျင်းဖွဲ့ ချင်နေ ကြပြီ။

ပြဇာတ် မပြီးခင် နှစ် ခေါက်လောက် အဘိုးကြီး ဆီ ပြန်ဖို့ အမယ် ကြီး စိတ်ကူးရှိ သေးတယ်။ ပြဇာတ် လည်း ထွက်ရော မပြန်နိုင် တော့ဘူး။ ဇာတ်က တော်တော် ကောင်း လာတယ်။ ပြဇာတ် မင်းသမီး နဲ့ မင်းသမီး ကြီးက အပြင်မှာ သားအမိ တဲ့။ ရွှေတံဆိပ်က လည်း လေးငါးခု ရထားတာ ဆိုတော့ ဇာတ်သိမ်း ပိုင်းမှာ ပရိသတ် ခမျာ မျက်ရည် လေးတွေ စမ်းစမ်း စမ်းစမ်း နဲ့။ အမယ်ကြီး ခမျာလည်း ရွှေတံဆိပ် ဆုရှင် မင်းသမီး နှစ်လက် ကျပြတဲ့ မျက်ရည် ထဲ ပိုးလိုး ပက်လက် မျောသွား လိုက်တာ။

ကတ္တီပါ ကန့်လန့်ကာ အနီကြီး ကျလာမှ အိမ်ဘက် မနည်း ပြန်ကူး ရတယ်။ ပွဲ ခင်းထဲမှာ လူငွေ့နဲ့ နွေးနေ ပေမဲ့ အပြင်မှာ လပြည့်ည က နှင်းမှုန် တွေနဲ့ စိမ့်စိမ့်တုန် နေပြီ။ အိမ်ထဲ ဝင်တော့ နှစ်ပေ မီးချောင်း ရောင် အောက်မှာ အဘိုးကြီးက ပက်လက်ကု လားထိုင် ကျောမှီ လျက်ပဲ။

ခြုံပေး ထားတဲ့ စောင်က အောက်ရောက် နေတယ်။ ဘယ့်နှာတုံးလို့ အမယ်ကြီး တွေးရင်း စူးစမ်း ကြည့်တော့ အဘိုးကြီး ပေါင်ပေါ်မှာ ဓာတ်ပုံတွေ ထည့်ထားတဲ့ ဘုတ်အုပ်ကြီးက ပွင့်လို့ လန် လို့။ အဲသဟာ ကြီး ထယူရင်း စောင်မခြုံ မိဘဲ အိပ်ပျော်သွား တာ ဖြစ်မယ်။

တစ်သက်နဲ့ တစ်ကိုယ် မဆိုဖူးတဲ့ စကား၊ အမယ်ကြီး နဲ့များ ပွဲတောင် ကြည့်ဦး မတဲ့။ ကြည့်ရ ချေသေး လို့ စိတ်ထဲ ကပြောပြီး ဘုတ်အုပ် ကြီးကို အမယ်ကြီး ကောက်သိမ်း တယ်။

ဒီဘုတ်အုပ် ကြီးထဲမှာ သားတွေ မြေးတွေ လှူတုန်း က ရိုက်ထား တဲ့အဖြူ အမည်း ဓာတ်ပုံတွေ ရှိတယ်။ မင်္ဂလာ ဆောင်ပုံ တွေ၊ ဘွဲ့ယူ တုန်းက ပုံတွေ ရှိတယ်။ ဆုရတဲ့ တပည့် တွေကို ဆုပေး နေတဲ့ ပုံတွေရှိတယ်။ အဘိုးကြီးက သူ့သား မြေးတွေ၊ တပည့်တွေ ကို အမှတ် ရတိုင်း ဘုတ်အုပ် ကြီးနဲ့ တိုင်တည် တတ်တယ်။ လွမ်းတိုင်း လှန်တယ်။

“အဘိုးကြီး ထ၊ ပြဇာတ် ပြီးပြီ။ နှစ်ပါး သွားနဲ့ နောက် ပိုင်းစ တော့မယ်”

လို့ နှိုးလိုက် တယ်။ အဘိုးကြီးက မလှုပ် ဘူးရယ်။ သြော်...ခက်ပြန် ပကော ဒီအဘိုးကြီး နှယ်လို့ စိတ်ထဲက ညည်းတယ်။

“တော့် ကျောင်းဆရာ ထ၊ တစ်သက် နဲ့တစ်ကိုယ် ဒီတစ်ခါတော့ တော်နဲ့ ကျုပ် စုံတွဲ ပွဲကြည့် ဖြစ်တော့ မယ်။ တော် ကြည့်ချင် လို့သာရယ်၊ ဒီအရွယ်ကြီး ရောက်မှ မြေး တွေကြား ကျုပ်က တော့ ရှက် တတ် တတ်ပဲ”

လို့ အမယ်ကြီး ရယ်မြူး သံနဲ့ ပြောတာကို အဘိုးကြီးက မကြားဘူး။ အိပ်ပျော် နေတုန်းပဲ။

အမယ်ကြီး စိတ်မရှည် သလို အဘိုးကြီး ခေါင်းကို မ နှိုးတော့ အဘိုးကြီးက တောင့်တောင့် ကြီး ပါလာ တယ်။ ဟင်...၊ ဘုရား... ဘုရား...။ အဘိုးကြီး... အဘိုးကြီး လို့ အသံ မထွက်ဘဲ ရေရွတ်ရင်း ကုလား ထိုင်ပေါ် ပြန်ချတယ်။ အမယ်ကြီး အသက်ရှူ ရပ်မတတ် မွန်း ကျပ်ပြီး မျက်လုံး တွေ ပြာလာတယ်။

တွေတွေကြီး ရပ်ငေး ကြည့် နေရင်း ကုလား ထိုင်ရှေ့ မှာ အမယ်ကြီး ဒူးတွေ ညွှတ် ခွေကျ သွားတယ်။ အဘိုးကြီး ရင်ခွင်ထဲ ခေါင်းထိုး အပ်တော့ ခါတိုင်း ကြားနေကျ ရင်ခုန်သံ က တိတ်လို့ ဆိတ်လို့။ တ ဖြည်းဖြည်း ကျလာတဲ့ ကတ္တီပါ ကန့်လန့်ကာ ကြီးကို မျက်စိ ထဲ ပြန်မြင် တော့ အဘိုးကြီး ရင်ခွင်ထဲက အမယ်ကြီး ပိန် ပိန်ပါးပါး ကိုယ်လုံး လေးက ဆတ်ခနဲ စတုန် သွားတယ်။

ပွဲခင်း ထဲမှာ ပြဇာတ်ပြီး နောက်ပိုင်း ကဖို့ မင်းသားမင်း သမီးတွေ အဝတ်လဲ နေသလို၊ ပရိသတ် ကလည်း အကြော် ဆိုင်တွေထဲ ဝင်ကြ ထွက်ကြ နဲ့။ ဇာတ်ပွဲ ထုံးစံအတိုင်း ခဏ နားသခိုက်မှာ ဇာတ်စင်က သီချင်း တွေ စဖွင့်ပေးတယ်။ ပွဲဦးတုန်းက ပြဇာတ် မင်းသမီး ဆိုခဲ့တဲ့ သီချင်းက အုံ့ဖွဲ့ဖွဲ့နှင်း ထုကိုဖြတ် အမယ်ကြီး တို့ကို ပွတ်သပ်ပြီးမှ ရွာဘက်ကို ထွက်သွားတယ်။

××× ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက် ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း ××× တဲ့။

အမယ်ကြီးဆီက အင့် ခနဲ ရှိုက်သံတစ်ချက် စထွက် လာတယ်။ သီချင်းက ပြန် ကျော့လာပြန်ပြီ။

××× ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက် ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း ××× တဲ့။

အမယ်ကြီး ရှိုက်သံနဲ့ တဆတ်ဆတ် တုန်နေတဲ့ ကိုယ်လုံးက စည်းချက်မှန် လာတယ်။

××× နောက်တစ်ချီ ဒီတစ်လုံးက ဖုံး လိုက်ပြန်ရာ မြုပ်လေ ပေါ့ ပေါ်မလာ ×××

မဖြစ်ဘူး လို့ စိတ်က သိနေပေမဲ့ တစ်နှစ် တစ်ခါ ရွာဘုရား ပွဲကို စည်စည်ကား ကား ပြီး စေဆုံး စေရမယ် လို့ အမယ်ကြီး သည်းအူပြတ် မတတ် ဆုံးဖြတ်ချက် ချတယ်။ သီချင်း သံက အေး စိမ့်စိမ့် နှင်းထုထဲ လွင့်နေတုန်း ပဲ။

××× ချောင်းအဆွယ် မြောင်းသွယ်ထဲက ဘဲထွက်လို့လာ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ×××

လယ်သူမ အိုကြီးရဲ့ ရှိုက် ငိုသံက ကျောင်းဆရာ အိုကြီး ရဲ့ ရင်ဘတ် ထဲကနေ ကွဲအက် အက်ကြီး ထွက်လာ သလို အားကိုး ရာမဲ့ ဆုပ်ကိုင် ဖျစ်ညှစ် နေတဲ့ အမယ်ကြီး လက်က အဘိုးကြီး လက်ထဲက စာရွက် တစ်ပိုင်း တစ်စကို စမ်းမိ တယ်။

စာရွက်ကို ဆွဲထုတ်ပြီး အဘိုးကြီး ရင်ခွင်ထဲ မှာပဲ ဖြန့် တယ်။ ဝါကြင်ကြင် စာရွက် ဟောင်းထဲက ခဲတံရာ တွေ အို ဟောင်းနေပေမဲ့ အမယ်ကြီး မှတ်မိတယ်။ ကိုယ်တိုင် ရေးခဲ့ တဲ့ စာ။ (မဲနု ဆိတ်တိုး နေသီ) တဲ့။

အမယ်ကြီး တစ်ကိုယ် လုံး အဘိုးကြီး ရင်ခွင်ထဲ ပုံ ကျသွားတယ်။ ဒီတစ်ခါ တော့ ရှိုက်ငို သံတောင် ထွက် မလာ တော့ဘူး။ တဆတ် ဆတ်တုန် နေတဲ့ အမယ်ကြီး ကိုယ်လုံး လေးလည်း ငြိမ်ကျ သွားတယ်။

မြူးကြွတဲ့ ရှေ့ပိုင်းနဲ့ ငို ချင်းချတဲ့ နောက်ပိုင်းကို ခွဲခြား ထားတဲ့ ကတ္တီပါ ကားလိပ် ကြီးကတော့ ဇာတ်စင် ပေါ်က မီးရောင် အောက်မှာ ဖိတ်ဖိတ် လက်လို့။
အရုဏ်ဦး တုံးမောင်း ခေါက်သံက နှင်းတွေကို လှုပ်ခါချ နေသလိုပဲ။ ဖွေးဖွေး လှုပ်အောင် ကြွေကျလာ တယ်။

---

#အောင်ဖြိုးကျော်ပခုက္ကူ
#ကတ္တီပါကန့်လန့်ကာ

#shared_by_louis_augustine
#sbla

Comments