ခေါင်းစဉ်လွဲမှားနေကြောင်းအသိပေးခြင်း

ဆရာမ နုနုရည်အင်းဝ ၏ ‘ မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း၊ လူကြမ်းတစ်ရာ ’ ဝတ္ထုအား အစိတ်အပိုင်းတခုအဖြစ် ပိုင်းဖြတ်ခံထားရသော စာအချို့သည် ‘ ဂေးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ’ ဟူသော အမည်ဖြင့် Online တွင်ပျံ့နှံ့လျှက်ရှိပါသည်။

ထိုအမည်မှာ လွဲမှားစွာ အသုံးပြုခံထားရခြင်းဖြစ်ပြီး ဆရာမ နုနုရည်အင်းဝ ‌သတ်မှတ်ထားသော အမည် လုံးဝ မဟုတ်ပါ။ 

သို့ပါသောကြောင့် ဆရာမ နုနုရည်အင်းဝ ၏ စာပေဂုဏ်အား တန်ဖိုးထားလေးစားသောအားဖြင့် ထိုအမည်အမှားနှင့် စာအချို့အား မျှဝေထားမိပါက ဖြုတ်ချပေးပါရန် တောင်းပန်အပ်ပါသည်။

⚠️ ကျွန်တော်တို့ Page အား လူသိများစေရန် Share ပေးဖို့ တခါမှ ‌မတောင်းဆိုခဲ့ဖူးပါ သို့သော် ယခု စာအား မျှဝေပေးပါရန် စာဖတ်သူများထံ ပထမဆုံးအကြိမ်အဖြစ် လေးစားစွာ တောင်းဆိုအပ်ပါသည်။

Comments